Contact Us

ကျမရဲ့ပထမဆုံးခြေလှမ်းအနေနဲ့သုတစာပေဖြစ်တဲ့ကုန်ပစ္စည်းဝယ်ယူရေးနဲ့ထောက်ပံ့ရေးကွင်းဆက်စာအုပ်ကိုစွယ်တော်စာပေတိုက်မှထုတ်ဝေပြီးကျွန်မရဲ့စာအုပ်ကိုအရုဏ်သစ်စာပေမှမြန်မာနိုင်ငံအတွင်းသို့စတင်ဖြန့်ချီပေးနေပါပြီ၊ အိမ်အရောက်(Door to Door)စနစ်ဖြင့်မှာယူလိုပါက 09420059249 ဖုန်းနံပါတ်သို့လည်းမှာယူနိုင်ပါတယ်ရှင်၊။

စာဖတ်ပရိသတ်များအားလုံးအားအထူးပင်ကျေးဇူးတင်ရှိပါတယ်၊ ဒီစာအုပ်ရဲ့အဓိကပေးချင်တဲ့အမှာစကားမှာဝယ်ယူရေးလုပ်ငန်းစဉ်များရဲ့သဘောသဘာဝများနဲ့၊မည်ကဲ့သို့လုပ်ဆောင်ရမည်ကိုသိနားလည်စေရန်ရည်ရွယ်ပါတယ်။ဒီစာအုပ်ဟာဝယ်ယူရေးနှင့်ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်တွင်အလုပ်လုပ်ကိုင်နေသောသူများ၊ကျောင်းသူ၊ကျောင်းသားများ၊Supplierများ၊လုပ်ငန်းရှင်များနဲ့ဤဘာသာရပ်တွင်စိတ်ဝင်စားစွာလေ့လာနေသောသူများကိုရည်ရွယ်၍ဝယ်ယူရေးနဲ့ထောက်ပံ့ရေးဆိုင်ရာကွင်းဆက်များရဲ့သဘောသဘာဝများကိုနားလည်စေရန်ရည်ရွယ်ပြီးမတူညီသောစာအုပ်များနှင့်ကိုးကားချက်များမှ‌‌ကောက်နှုတ်မျှဝေထားပါတယ်။

ဝယ်ယူရေးနဲ့ထောက်ပံ့ရေးဆိုင်ရာနယ်ပယ်များတွင်ဂုဏ်သိက္ခာနှင့်ကျင့်ဝတ်ဆိုင်ရာနည်းလမ်းများကိုဘယ်လိုထမ်းဆောင်ရမယ်၊မလိုအပ်တဲ့အသုံးစရိတ်များကိုလျှော့ချနိုင်စေရန်၊အရည်အသွေးမှီစွမ်းရည်ပြည့်လုပ်ငန်းများလုပ်ဆောင်နိုင်စေရန်၊စဉ်ဆက်မပျက်ဝယ်ယူရေးဆိုင်ရာလုပ်ငန်းများအားလည်ပတ်နိုင်စေရန်ရည်ရွယ်ပါတယ်။